– မိတ်ဆက်စာ –

Website – http://www.thethtetzawtzip.online

Email – info@thethtetzawtzip.online

“မင်္ဂလာပါ” Tzip ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး မှ ကြိုဆိုပါတယ်။

Tzip

လူတိုင်းရဲ့ ဘဝ မှာ ပြင်လို့ရတဲ့ အမှားတွေရှိကြသလို / ပြန်ပြင်မရကြတဲ့ အချိန်လွန်နောင်တ အမှားတွေလည်း ရှိကြမှာပါ ။

ဒါပေမဲ့ လူတိုင်း / လူတိုင်း ကြုံတွေ့ဖူးတဲ့ အမှားအနည်းငယ်ထက် ကျနော့်မှာ ပြန်လည် ပြင်ဆင်ခွင့်မရတော့တဲ့ အမှားများစွာရှိခဲ့ပါတယ်။ သို့ပေမဲ့ – ကျနော်ဟာ အတိတ်က အရိပ်တွေထဲမှာ အမြဲခိုလှုံ ငေးငိုင်နေတက်သူမဟုတ်ပဲ ရောက်နေတဲ့ ပစ္စပ္ပုန်ကို တည့်တည့်ကြည့် ဖြတ်သန်းတက်သူဖြစ်တယ်။ လူတွေရဲ့ သပုတ်လေလွှင့် စွပ်စွဲသမုတ် လှောင်ရယ် ပြတ်ရယ်ပြု တာတွေကို ငယ်ရွယ်တဲ့အချိန်ကာလတွေမှာ လိုက်ခံစားတက်ခဲ့ဖူးပေမဲ့ – အသက်အရွယ်တစ်ခုရလာတဲ့ ယခုလို ပထမအရွယ်မှာ တည်ငြိမ်စွာတုံ့ပြန် ဖြတ်သန်းတယ်။ လူတွေရဲ့ တံတွေခွတ်ထဲ ပက်လတ်မျှောပြီး ငိုကြွေးတက်သူတော့မဟုတ်ခဲ့ဘူး။

ကျနော့်မှာ အသက်ရှင်သန်နေသ၍ ဖြတ်သန်းနေတဲ့ နေ့ရက်တိုင်းအတွက် အဓိပ္ပာယ်ရှိဖို့ ကိုယ်ပိုင်အဆိုအမိန့်လေး(၃ခု) ထားရှိပါတယ်။

(၁) နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ ကြိုစားပြီး ဝင်သက်/ထွက်သက်တိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထမ်းပိုးပေးတဲ့ မြေကြီးကို ကျေးဇူးထပ်တလဲလဲတင်ရင်း ဗုဒ္ဓရဲ့ကျင့်စဉ်များစွာထဲက ကိုယ်တက်နိုင်တဲ့ ကျင့်စဉ်တရားတွေကို ကျင့်ကြံပွားများပြီး တစ်နေဝင်/တစ်နေထွက်ဖို့ဖြတ်သန်််််းမယ်။

(၂) သစ်တစ်ပင်ကောင်းစားရင် ငှက်တစ်သောင်းနားခိုနိုင်တယ်ဆိုတဲ့ စကားပုံအတိုင်း ကိုယ့်မိသားစု နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် အတက်နိုင်ဆုံး လောကကို အလှဆင်နိုင်ဖို့ ကြိုးစားမယ်။

(၃) သိန်းရာချီအကုန်ခံပြီးကုသိုလ်ရေးတွေယခုအချိန် မှာ အကုန်အကျခံပြီး မလုပ်နိုင်သေးပေမဲ့ ကိုယ်တက်နိုင်တဲ့ ဝမ်းစာဝင်ငွေလေးနဲ့ ကိုယ့်လိုအဆင်မပြေတဲ့လူတွေ့ရင်တက်အားသမျှကူညီနိုင်အောင်ကြိုးစားမယ်။

• • •

← Back

Thank you for your response. ✨