Change ☑

ကမ်းစပ် နဲ့ ရေလှိုင်း
ဘာ့ကြောင့် နီးစပ်ပြီးမှ
ပြန်ဝေးသွားလဲ နင်ပဲပြန်ဖြေ။

အဲ့သလိုပဲ သဘာ၀တရားဆိုတာလည်း
ပေးသင့်သလောက်ပေးခဲ့ရတာထက်
ရသင့်သလောက်ပြန်မရခဲ့ကြတာ …

ရှင်းပါတယ် – ကမ္ဘာမြေရဲ့ နိယာမတွေတောင် မတူညီကွဲပြားခြားနားကြ သေးတာပဲ – ငါဆိုတာ အတောင်ညောင်းတဲ့ ငှက်ငယ်မို့ ခေတ္တနားခိုရာ မင်းသစ်ပင်အကိုင်းအခက် က မကြိုဆိုခဲ့တာကို မာယာများတဲ့ သစ်ပင်ပါလို့ တံဆိပ်ခတ်နှိပ် ချိတ်ဆွဲပါရစေ …

မြင့်မိုရ်တောင် ကို ဇီးစေ့နဲ့ပေါက်သလို အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်ပါလို့ မြောက်အရပ်က ဓူဝံကြယ်ကို တောင်အရပ်သို့ ရွေ့ပစ်နိုင်တဲ့ ဦးကိုင်ဇာသီချင်းထဲကလို System Set up တွေကို တန်ခိုးရှင်တွေက သနားသောအားဖြင့် changed လုပ်ချင် /လုပ်နိုင်လိမ့်မယ် …

ငါအသိဉာဏ်နဲ့ နှလုံးသားက Alarm လုပ် တာ ဒီကမ္ဘာတင်မက – သံသရာတစ်ဆုံး အထိ ပက်ပက်စက်စက် နင့်ကို ငါမုန်းတယ်…………!

(ရာဇဝင်တွေသိပ်ရိုင်းဖူးခဲ့တဲ့)
                  #သက်ထက်ဇော်_တီဇစ်
                 
              ၁၈ရက် / မတ်လ /၂၀၂၂                                   
                     သောကြာနေ့
                – မနတ် ၄ နာရီ / ၂၁ မီးနစ်

💠 မှတ်ချက် 💠

* အထက်ပါစာစုသည် မည်သူတစ်ဥိီး/တစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ အနုပညာကို အနုပညာ မျက်စေ့ဖြင့်သာ ကြည့်စေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ အကယ်၍ တမင်သက်သက်/ တိုက်ဆိုင်စွာ ပြသာနာတက်ခဲ့လျှင် တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်းအသိပေးအပ်ပါသည်။
Unknown's avatar

Published by: ThetHtetZaw-TZip

📌About Of Burmese Rapper Details🔓 ••••••••••••••••••••••••••••••••••••••• This is the official page of ThetHtetZaw-Tzip Hip Hop singer & composer . As a singer in the Underground music industry in 2012 join YGN-FAMILY. Mixtapes 2 album. Music career began the age 19. Started creating my own songs when I was a student. GROUP OF MOVEMENT ☑️ ••••••••••••••••••••••••••••• Join in group member- 𝟮𝟬𝟭𝟰 𝐺roup name- 𝙔𝙂𝙉 𝙁𝘼𝙈𝙄𝙇𝙔 𝙐𝙉𝘿𝙀𝙍𝙂𝙍𝙊𝙐𝙉𝘿 𝑆ince group – 𝟮𝟬𝟭𝟰 𝑌gn family group membership is 6 people. – HOBBY’S ☑️ 💠 Singing , Listening , Audio book , Reading , Learning , Watching , Sport & Other …

Categories FeelingTagsLeave a comment

Leave a comment