ကိုယ်မပိုင်တဲ့ ဘဝထဲရောက်လာခဲ့ကြတယ်အတည်လို့ပြောပြီး ဧည်သည်တွေလို
ပြန်ထွက်သွားကြ ။ဪ ... ငါဟာ ဂိတ်ဆုံးမဟုတ်တဲ့ ခေတ္တရပ်နားခွင့်သာရတဲ့ ဘူတာ။
ဆုံခွင့်သာပါပြီး / ပေါင်းစပ်ခွင့်မရှိတဲ့ ဘဝတွေ မျဉ်ပြိုင်လို ဆုံမှတ်မရှိကြတာဆို အစေားကတည်း
က ငါဟာ တာမထွက်ခဲ့ပါဘူး။ဪ ... ငါဟာ ဂိတ်ဆုံးမဟုတ်တဲ့ ခေတ္တရပ်နားခွင့်သာရတဲ့ ဘူတာ။
ဒီနှစ် ရာသီဥတုတွေသိပ် ဖောက်ပြန်တာပဲ လူတွေရဲ့ စိတ်တွေလည်း ပုသင်ညိုထက် ပိုမြန်တဲ့ အရောင်ပြောင်းတာတွေ ငါကြုံနေရတယ်။ဪ ... ငါဟာ ဂိတ်ဆုံးမဟုတ်တဲ့ ခေတ္တရပ်နားခွင့်သာရတဲ့ ဘူတာ။
ကမ္ဘာကျော်တွေလည်းသေတယ် / ပျော်ရွှင်စရာတွေရယ် ပျောက်ရှခဲ့ရတယ် – လူတိုင်းရဲ့မျက်နှာမှာလည်း Mask တွေနဲ့ အားလုံးဟာ ဟန်ဆောင်မှုတွေကို ဖုံးကွယ်ကာ ပြုံးရယ်ကြတယ်။
နင်လည်း ထို့အတူပါပဲ ဪ ... ငါဟာ ဂိတ်ဆုံးမဟုတ်တဲ့ ခေတ္တရပ်နားခွင့်သာရတဲ့ ဘူတာ။
(ရာဇဝင်တွေသိပ်ရိုင်းဖူးခဲ့တဲ့)
#သက်ထက်ဇော်_တီဇစ်
၁၇ ရက် / မတ်လ /၂၀၂၂
ကြာသာပတေးနေ့
– ည၂ နာရီ / ၂၁ မီးနစ်

