ရှေးစာဆို ကဝိ ပညာရှိတွေရေးကြတယ် ရည်းစားဟောင်းဆိုတာ (ထွက်ခွာသွားတဲ့ ရထားတစ်စင်း လို ) (ထွက်ခွာသွားတဲ့ သင်္ဘောကြီးတွေ လို) တဲ့
ကျနော့်အတွက်တော့ ရည်းစားဟောင်းဆိုတာ ကြွေသွားတဲ့ သစ်ရွက်ခြောက်တွေလိုပါပဲ
(ထွက်ခွါသွားတဲ့ ရထားတွေ/သင်္ဘောကြီးတွေဆိုတာ အချိန်တန်ရင်ဖြစ်ဖြစ် / လမ်းဆုံးရင်ဖြစ်ဖြစ် နဂိုဘူတာ /နဂို မီးပြတိုက်ဆီ လမ်းကြုံရင် ပြန်ရောက်ဆုံနိုင်ပါသေးတယ်)
(မြေခကြွေလွင့်သွားရှာတဲ့
သစ်ရွက်တွေဆိုတာကတော့
အကိုင်းအခက်ကနေ မြေပေါ်သက်ဆင်းသွားပြီးတဲ့အခါမှာတော့ – မူလသစ်ကိုင်းမှာ ပြန်နေဖိုဆိုတာ မဖြစ်နိုင်တော့တဲ့အတွေးတွေပဲလေ)
(ရာဇဝင်တွေသိပ်ရိုင်းဖူးခဲ့တဲ့)
#သက်ထက်ဇော်_တီဇစ်
၁၀ရက် / ဖေဖော်ဝါရီ /၂၀၂၂
ကြာသာပတေးနေ့
– ည၁၀ နာရီ / ၃၆ မီးနစ်

